Myanmar National Forest Inventory (NFI)/National Forest Monitoring and Information System(NFMIS)with a Human Rights Based Approach သဘောတူ လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၆-၆-၂၀၂၀ ရက်နေ့ (၁၅:ဝဝ)နာရီအချိန်တွင် နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း(NFI)၊ နိုင်ငံအဆင့် သစ်တော စောင့်ကြည့်လေ့လာခြင်းနှင့် သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းကို လူ့အခွင့်အရေး ဆိုင်ရာအခြေခံနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းစီမံကိန်းဆိုင်ရာ အချက်အလက်များ (Myanmar National Forest Inventory (NFI)/National Forest Monitoring and Information System(NFMIS)with a Human Rights Based Approach) သဘောတူ လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အဖွင့်အမှာစကြားပြောကြားပါသည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနား သို့ Ms.Riikka Laatu, Ambassador, Embassy of Finland, Yangon(Virtually)က (Video Conference)ဖြင့်ဆွေးနွေးပြီး၊ Mr.Julian Fox,FAOHQ, Rome(Virtually)နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါသည်။

date: 
Wednesday, June 17, 2020 - 11:15