ကန်ပက်လက်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၄-၆-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကန်ပက်လက်မြို့နယ်၊ ကြက်မောက်တောင်ကြိုးဝိုင်းအကွက်အမှတ် (၂၅၊၂၇)အတွင်းမှ တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲသားဆိုဒ်စုံ (၁၄၃)လုံး/ချောင်း (၅)တန်အား CMRS သတင်းအရ ကြက်မောက်တောင်ကြိုးဝိုင်းအတွင်း လှည့်လည်စစ်ဆေးခဲ့ရာ ပိုင်ရှင် တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 22, 2020 - 10:30