ပုဗ္ဗသီရိမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRSဖြင့် သတင်းပေးပို့ချက်အရ ၁၇-၆-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပရပ်ကွက်၊ အိမ်အမှတ် (၂၃၁၂၁၊ ၂၃၁၂၃) ခြံဝန်းအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်(၅၆၅)ချောင်း (၃)တန်၊ လွှဝိုင်း(၁)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တရားခံ(၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, June 22, 2020 - 10:30