ဝန်းသိုမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ မံကပ်ကြိုးဝိုင်းအကွက်အမှတ်(၈၀)၊ နမ့်ခမ်းကြိုးဝိုင်း အကွက်အမှတ်(၁၇၊ ၁၈၊ ၂၆)အတွင်းနေရာတို့၌ တရားမဝင်ကျွန်းသစ်/ခွဲသား (၆၂၄)လုံး/ချောင်း(၇၃)တန် အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ်တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, June 22, 2020 - 15:45