မိုးနဲမြို့နယ်(ပူးတွဲ)မောက်မယ်မြို့နယ်အတွင်း မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၆-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဝန်ထမ်းများ၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်စဉ် မိုးနဲမြို့နယ် (ပူးတွဲ)မောက်မဲမြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခွဲခန့်အကွာမှ တရားမဝင် ကျွန်းခွဲသား/ ကျွန်းတံခါးချပ်/ အင်ခွဲသား (၁၇)တန်ခန့်အား မော်တော်ယာဉ်(၃)စီးပေါ်မှ တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 24, 2020 - 12:00