မင်းကင်းမြို့နယ်အတွင်း စက်လှေ(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၃-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ တုံကျေးရွာ၏တောင်ဘက် (၂)မိုင်ခန့်အကွာ၊ တုံကျွန်း ချင်းတွင်းမြစ်အတွင်း အသားခွံစက်လှေ(အမည်မပါ အဖြူရောင်) (၁)စီးပေါ်မှ တရားမဝင် အင်ပကာ/အင်ခွဲသား (၁၁၉၂)ချောင်း (၁၇)တန်၊ အင်ဂျင် (၁)လုံးအား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, June 26, 2020 - 13:45