ဝါးလက်မှုဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ကြား၍ AFoCO RETC ဝန်ထမ်းကျောင်း၊ မြေယာရှုခင်းတွင် ထားရှိမည့် အပန်းဖြေ အလှဝါးတဲ တစ်လုံး တည်ဆောက်ခြင်းကို ဆောင်ရွက်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။လတ်တလော ဖြစ်ပွားရသည့် COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ပုံမှန် သင်တန်းအစီအစဉ်များ မတ်လမှ စတင်၍ ယာယီ ရပ်ဆိုင်းထားပြီး ယခုကာလအတွင်း သင်တန်းကျောင်း အဆောက်အဦ ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး လှပရေးလုပ်ငန်းများ အလေးပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို သင်တန်းကျောင်း အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်၊ ၂၅-၆-၂၀၂၀ ရက်နေ့တွင် ဝါးလက်မှုဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ကြား၍ AFoCO RETC ဝန်ထမ်းကျောင်း၊ မြေယာရှုခင်းတွင် ထားရှိမည့် အပန်းဖြေ အလှဝါးတဲ တစ်လုံး တည်ဆောက်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ သင်တန်းများ ပြန်လည်ဖွင့်လှစ်ပါက သင်တန်းသားများ သင်တန်းဆောင်ပြင်ပတွင် နားနေနိုင်ရန် ရည်ရွယ်၍ ရိုးရာပုံစံအခြေခံ၍ တာရှည်ခံနည်းဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဝါးလက်မှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် အတူ AFoCO RETC၊ CFDTC သင်တန်းကျောင်း ဝန်ထမ်း(၄)ဦးတို့က အလှဝါးတဲ တည်ဆောက်ခြင်းနည်းပညာကို လေ့လာသင်ယူလျက် ကူညီဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေး ကျန်းမာ‌ရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်၊

date: 
Tuesday, June 30, 2020 - 12:15