မြောက်ဦးမြို့နယ်၊ စစ်တွေ-ရန်ကုန်ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၆-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဦးမြို့နယ်၊ စစ်တွေ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၂) ငွေတောင်တံတားအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (6E/5059) SKAT (အပြာရောင်) ယာဉ်ပေါ်မှ တရားမဝင်သင်ပုန်းခွဲသား (၂၉၀)ချောင်း (၃)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, July 1, 2020 - 09:30