ပုလဲမြို့နယ်၊ အိုင်းမကျေးရွာ-သစ်ကြီးတိုင်းကျေးရွာသွားဖွံ့ဖြိုးရေးလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ ပုလဲမြို့နယ်၊ အိုင်းမကျေးရွာ-သစ်ကြီးတိုင်းကျေးရွာသွားဖွံ့ဖြိုးရေးလမ်း၊ သဲပြင်ကျယ်ကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခန့် အကွာနေရာ၌ ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်မပါ SKAT (အပြာရောင်) (၆)ဘီးယာဉ်အား တွေ့ရှိ၍ ဖမ်းဆီးရေးအဖွဲ့မှ စစ်ဆေးရှာဖွေရာ တရားမဝင်ပျဉ်းကတိုးခွဲသား (၁၉)ချောင်း (၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 1, 2020 - 09:30