ကွန်ဟိန်းမြို့နယ်၊ နမ့်မဟိုင်းကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းတံခါးချပ်များ ဖမ်းဆီးရမိ

၈-၇-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ နမ့်မဟိုင်းကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ် (7L/7919) LIFAN (အပြာရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးရွက်ဆိုဒ်စုံ(၈၁)ချပ် (၁)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, July 10, 2020 - 15:30