အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း၊ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၇-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း/ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း၊ မိုင်တိုင်အမှတ်(၁၁၅/၃)အနီးရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(YGN 8E/8256) Canter Container (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား/ခြမ်း (၃၂)ချောင်း/ခြမ်း (၃)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 22, 2020 - 10:00