မတူပီမြို့နယ်၊ မတူပီ-ပလက်ဝကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၇-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မတူပီမြို့နယ်၊ မတူပီ-ပလက်ဝကားလမ်း၊ မိုင်တိုင်အမှတ်(၄/၇)နှင့် (၅/၀)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(3N/6781) FORLAND ယာဉ်ပေါ်မှ တရားမဝင်သစ်ဖြူခွဲသား (၈၁)ချောင်း (၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 23, 2020 - 13:15