ရေတာရှည်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၃-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင် ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်/ ခွဲသား/ ခွဲခြမ်း (၄၃)လုံး/ ချောင်း/ ခြမ်း (၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 27, 2020 - 11:15