ကျောက်တံခါးမြို့နယ်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန တို့မှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းကားလမ်း၊ ရဲနွယ်ကြိုးဝိုင်းနှင့် ဘိုင်းဒါးကြိုးဝိုင်းနေရာများမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၂၂၀)ချောင်း (၁၁.၆၂၃၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, August 4, 2020 - 15:30