သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(Project Monitoring Committee-PMC)၏ ၁/၂၀၂၀ကြိမ်မြောက်အစည်းအဝေးကိုကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၅-၈-၂၀၂၀ ရက်နေ့ (၀၉:၃ဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(Project Monitoring Committee-PMC)၏ ၁/၂၀၂၀ကြိမ်မြောက်အစည်းအဝေးကိုကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ အစည်းအဝေးအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများဆိုင်ရာ စီမံကိန်းတာဝန်ခံများတက်ရောက်ဆွေးနွေးကြပါသည်။

date: 
Wednesday, August 5, 2020 - 14:30