အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း မော်တော်ဆိုင်ကယ်(၄)စီးနှင့် လက်ကိုင်လွှစက်(၂)လုံး ဖမ်းဆီးရမိ

၂၂-၇-၂၀၂၀ ရက်နေ့တွင် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ ဆင်ဦးစီးများပါဝင်သောအဖွဲ့သည် ဥယျာဉ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများခိုးထုတ်သယ်ယူဆောင်ရွက်ခြင်းမရှိစေရေးအတွက် လှည့်လည် စစ်ဆေးဆောင်ရွက်စဉ် ဒေသအခေါ် ကားလမ်းပေါက်နေရာ၌ တစ်ဦးတစ်ယောက်မျှတွေ့ရှိရခြင်း မရှိဘဲ ရပ်တန့်ထားသော မော်တော်ဆိုင်ကယ်(၄)စီးနှင့် လက်ကိုင်လွှစက်(၂)လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 10, 2020 - 11:00