မင်းကင်းမြို့နယ်၊ ရွာဘရွာအနီး ချင်းတွင်းမြစ်အတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ရွာဘရွာအနောက်ဘက်(၂)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း တရားမဝင်ကညင်သစ်(၂၀)လုံး (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 10, 2020 - 11:15