ပခုက္ကူမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၂-၈-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအတွင်း၊ မြို့သစ်ရပ်၊ တပ်ဦးကျောင်း၏မြောက်ဘက် သုဿာန်အနီးနေရာတို့၌ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/အင်သစ်/ခွဲသား (၂၃၇)လုံး/ချောင်း (၈)တန်အား တရားခံ(၃)ဦးအား ဖမ်းဆီးရမိ ခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, August 17, 2020 - 15:00