မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် မင်းကင်းမြို့နယ်၊ ကြွေကျေးရွာ၏ အနောက်ဘက်ချင်းတွင်းမြစ်ဘေး နေရာ၌ တရားမဝင်ကျွန်း/ကညင်/ပျဉ်းကတိုး/သစ်ယာ/လက်ပံ/သရက်သစ် (၇၇)လုံး (၁၈)တန်နှင့် တာယာဘီးတပ်လှည်း(၁) တို့အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။

date: 
Tuesday, August 18, 2020 - 11:30