သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

၁၇-၈-၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးစိန်မိုး(လက်ထောက်ညွှန်ကြားရေးမှူး)၊ တိုးချဲ့ပညာပေးရေးဌာနက အင်ဒိုနီးရှားနိုင်ငံတွင် POA for ASEAN Cooperation in Forestry and ASFCC Knowledge Sharing and Closing Event တက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေး နွေးခြင်း၊ ဒေါက်တာအောင်မြတ်စံ (လက်ထောက်ညွှန်ကြားရေးမှူး)၊ စီမံကိန်းနှင့် စာရင်းအင်းဌာနက ဂျာမနီနိင်ငံတွင် ပါရဂူဘွဲ့ သင်တန်းတက်ရောက်ခဲ့သည့် ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း နှင့် ဒေါ်စုမွန်မြင့် (တောအုပ်ကြီး) ၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဂျာမနီနိုင်ငံတွင် မဟာသိပ္ပံဘွဲ့သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံ ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့်တို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူ များမှအပြန် အလှန် ဆွေးနွေး ခဲ့ကြပါသည်။

date: 
Wednesday, August 19, 2020 - 10:30