ပုသိမ်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၇-၈-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင် သော သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ် မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးမောင်ဟန် သစ်စက်ဝန်းအတွင်းမှ တရားမဝင် ဘောင်ဆန့်ခွဲသား (၄၇၁)ချောင်း (၇)တန်၊ သစ်စက်အင်ဂျင် (၂)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားခံ (၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာ ရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 20, 2020 - 11:30