ရေကြည်မြို့နယ်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၈-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ လက်ပံပင်ကျေးရွာအနီး၊ ပုသိမ်- မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၃၂/၆)နှင့် (၃၂/၇)ကြား မော်တော်ယာဉ်အမှတ် (7L/7792) SKAT အပြာရောင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် တောင်သရက်/ကညင်ခွဲသား (၃၆)ချောင်း (၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, August 25, 2020 - 10:15