နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၁.၀၄၆၉)တန်၊ သစ်မာ (၁၇၅.၀၄၁၅)တန်၊ အခြား (၂၄၄.၃၃၆၇)တန်၊ စုစုပေါင်း(၅၅၀.၄၂၅၁)တန်၊ တရားခံ(၈၀)ဦး၊ယာဉ်/ယန္တရား(၃၇)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၈-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် (တွဲဘက်) ရှားတောမြို့နယ်၊ ရှမ်း-ကယားနယ်စပ်၊ တင်လွယ် ကျေးရွာမြောက်ဘက်(၁)မိုင်ခန့်အကွာနေရာမှ တရားမဝင် ပိတောက်သစ်လုံး (၅၇၄)လုံး (၁၁၅.၂၉၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, August 26, 2020 - 15:15