အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇-၈-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်း အကွက်အမှတ်(၄၈)အတွင်း နေရာများမှ တရားမဝင် ကျွန်းသစ်/ခွဲသား/ခွဲခြမ်း (၄၃)လုံး/ချောင်း/ခြမ်း (၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, August 28, 2020 - 16:15