ဝန်းသိုမြို့နယ်၊ ကောလင်း-ဝန်းသို-ပင်လည်ဘူးသွားကားလမ်း (၅)မိုင်အနီးမှ မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ကောလင်း-ဝန်းသို-ပင်လည်ဘူးသွားကားလမ်း (၅)မိုင်အနီး SINO TRUCK (၆)ဘီးယာဉ်နှင့် FORLAND အဖြူယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ အင်ကြင်းခွဲသား၊ လုံးပတ်(၃)ပေအောက်အင်ကြင်းသစ် (၃၀၂)လုံး/ချောင်း (၆)တန်အား တရားခံ (၆)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, September 1, 2020 - 11:00