စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်း၊ အကွက်အမှတ်(၆၂)အတွင်း တရားမဝင်သစ်တင်ယာဉ် တစ်စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၆၂)၊ ဆည်ရေစပ်အနီးတွင် ရပ်တန့်ထားသော GMC (၆)ဘီး ခေါင်းစိမ်းယာဉ်ပေါ်မှ တရားမဝင် ထောက်ကြန့်သစ် (၁၈)လုံး (၉)တန်၊ အောက်မတ္တရာတိုးချဲ့ ကြိုးဝိုင်းအကွက်အမှတ်(၆၂)၊ ဆည်အတွင်းနေရာများမှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ၊ အင်/ထောက်ကြန့် သစ် (၆၂)လုံး/ချောင်း (၂၃)တန်၊ စုစုပေါင်း တရားမဝင်သစ် (၈၀)လုံး/ချောင်း (၃၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 1, 2020 - 11:00