ရေဖြူမြို့နယ်၊ မလွှဲတောင်စုပေါင်းစစ်ဆေးရေးစခန်းမှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃၀-၈-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မလွှဲတောင်စုပေါင်းစစ်ဆေးရေး အဖွဲ့မှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ မလွှဲတောင် စုပေါင်းစစ်ဆေးရေးစခန်းမှ ယာဉ်အမှတ်၊ MDY-8H/3014 NISSAN (၆)ဘီးယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားမဝင် ပိတောက်သစ်ခွဲသား (၅၁)ချောင်း (၁၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, September 2, 2020 - 10:00