သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သံလွင်တံတား၊ မုတ္တမလုံခြုံရေးဂိတ်နေရာ၌ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၉-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သထုံမြို့နယ်(တွဲဘက်)ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ သံလွင်တံတား၊ မုတ္တမလုံခြုံရေးဂိတ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၈၇/၇)အနီးတွင် မော်တော်ယာဉ် အမှတ် (BGO 2E/4698) HYUNDAI (၂၂)ဘီး (မီးခိုးရောင်) ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးလျှာထိုးခွဲသား (၁၃၇၆)ချောင်း (၃.၅၂၃၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, September 3, 2020 - 15:30