အလောင်းတော်ကဿဖအမျိုးသား ဥယျာဉ်အတွင်း မော်တော်ဆိုင်ကယ်(၄)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ/ယင်းမာပင်ခရိုင်၊ အလောင်းတော်ကဿဖအမျိုးအသား ဥယျဉ်မှ ဝန်ထမ်းများ၊ ဒေသခံကင်းသားများပါဝင်သောအဖွဲ့သည် အလောင်းတော်ကဿဖအမျိုးသား ဥယျာဉ်အတွင်းဒေသအခေါ်ဝါးဘိုးကျောက်တောင်နေရာ၌မော်တော်ဆိုင်ကယ်(၄)စီးနှင့်တရားမဝင်ပိတောက် ခွဲသား (၈)ချောင်း (၁)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 7, 2020 - 11:15