ဂွမြို့နယ်၊ ဒေသအခေါ်ဒိုးခြုံပေါက်၊ ကျေက်ကွင်းပေါက်၊ (၁၅)မိုင်ပေါက်၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၉-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည် ဂွမြို့နယ်၊ ဒေသအခေါ်ဒိုးခြုံပေါက်၊ ကျေက်ကွင်းပေါက်၊ (၁၅)မိုင်ပေါက်၌ တရားမဝင် တောင်သရက်ခွဲသား (၈၁)ချောင်း (၉)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 8, 2020 - 10:15