ကသာမြို့နယ်အတွင်း တရားမဝင်သစ်စက်(၁)လုံးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၇-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ မိုးတားကြီးရွာတောင်ဘက် ဒေသအခေါ် ငါးယောက်တောမှ တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေအောက် ကျွန်းသစ် (၁၉)လုံး (၂)တန်၊ သစ်စက်(၁)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးစဉ် တစ်ဦး တစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 10, 2020 - 11:00