ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၃၀)၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းဘေး ဒေသအခေါ် တောင်ညို ပေါက်နေရာနှင့် ဒေသအခေါ် ထုတ်လုပ်ရေးပေါက်နေရာတို့၌ တရားမဝင်ပျဉ်းကတိုး/စကားဝါခွဲသား (၄၇)ချောင်း (၇)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 10, 2020 - 14:00