ကနီမြို့နယ်၊ မင်းအိုရွာအနီး ချင်းတွင်းမြစ်အတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ

၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကနီမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မင်းအိုရွာအနီး ချင်းတွင်းမြစ် အတွင်းမှ တရားမဝင် အင်/ကျွန်း သစ်/ခွဲသား/ လုံးပတ်(၃)ပေအောက်ကျွန်း/ပျဉ်းကတိုးသစ် (၂၅၃၃)လုံး/ ချောင်း (၅၉.၂၀၇၆)တန်အား စက်လှေ(၂)စီး၊ တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, September 16, 2020 - 10:15