လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးတာဆုံအနီးတွင် တရားမဝင်ဆင်စွယ်များ ဖမ်းဆီးရမိ

၁၅-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးတာဆုံအနီး၊ ကဘော်လက်ပံတည်းခိုခန်းတွင် တရားမဝင် ဆင်စွယ်အစိတ်အပိုင်း(၅၀၀)ဂရမ်နှင့် သံထည်ဆက်စပ်ပစ္စည်း(၇)မျိုးတို့အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 17, 2020 - 14:45