လယ်ဝေးမြို့နယ်၊ လယ်ဝေး-ကံလှ-ကံသာ-ဝင်တဲကူး-သစ်ပုတ်ပင်လမ်းဘေးတွင် မော်တော်ဆိုင်ကယ်(၈)စီး နှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇-၉-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်ဝေး-ကံလှ-ကံသာ-ဝင်တဲကူး-သစ်ပုတ်ပင်လမ်းဘေး၊ စမ်းလေးသုဿာန်အနီးနေရာ၌ မော်တော်ဆိုင်ကယ်(၈)စီးနှင့်အတူ တရားမဝင် (၃)ပေအောက် ကျွန်းသစ်(၄၉)လုံး (၁.၆၉၀၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:15