ကျွန်းလှမြို့နယ်အတွင်း သုံးဘီးယာဉ်(၃)စီးနှင့်အတူ တရားမဝင်သစ်များဖမ်းဆီးရမိ

၁၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ကျွန်းလှမြို့နယ်၊ မဒေါင် - ဆွဲလှည်းသွားကားလမ်း၊ ဆွဲလှည်းရွာအနောက်မြောက်ဘက်(၄)မိုင်ခန့် အကွာ (ဒေသအခေါ်) ဒေါ်စီခုံအနီးနေရာများမှ တရားမဝင် အင်ခွဲသား (၃၉၁)ချောင်း(၇)တန်၊ သုံးဘီးယာဉ် (၃)စီးတို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:15