ဂွမြို့နယ်၊ ရတနာမြိုင်ကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၉-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ရတနာမြိုင်ကျေးရွာ၊ ကျိန္တလီချောင်းအနီးနေရာနှင့် ဒေသအခေါ် အလယ်ကျွန်းနေရာတို့၌ တရားမဝင်တောင်သရက်/တောင်ပိန္နဲခွဲသား (၃၈)ချောင်း (၄.၈၃၉၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 22, 2020 - 15:30