ကလေးဝမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ဝက်တိုးကျေးရွာ အနောက်ဘက်(၃)မိုင်ခန့်အကွာ၊ ပူးတောင်းချောင်းဘေးနှင့် မိုးကောင်းကျေးရွာအရှေ့ဘက်တို့တွင် တရားမဝင် ကျွန်း/အင်ကြင်း/ယမနေ/အင်သစ်/ခွဲသား၊ လုံးပတ်(၃)ပေအောက် ကျွန်းသစ် စုစုပေါင်း(၄၈၆)လုံး/ချောင်း (၆.၈၉၇၆)တန်၊ အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း(၆)မျိုးတို့အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, September 28, 2020 - 13:15