ထီးချိုင့်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော အဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ကြက်တစ်ကောင်ဘိနယ်၊ မအူကုန်းရွာအထက်ဘက် ဧရာဝတီမြစ်ဘေးမှ တရားမဝင်ကျွန်းသစ်/ ၃ပေအောက်ကျွန်းသစ် (၆၈)လုံး (၉.၂၅)တန်နှင့် ၃၂ကောင် အင်ဂျင်(၁)လုံး၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 1, 2020 - 11:15