ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်အတွင်း တရားမဝင်သစ်များနှင့် စက်လှေများ ဖမ်းဆီးရမိခြင်း

အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ဖွဲ့ဝင်များ၊ သံတွဲခရိုင်နှင့် တောင်ကုတ် မြို့နယ် သစ်တောဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် (၁၇-၁၀-၂၀၂၀) ရက်နေ့မှ (၁၉-၁၀-၂၀၂၀) ရက်နေ့အထိ နယ်မြေရှင်းလင်းဆောင်ရွက်ရာ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းမှ စုပုံထားရှိသော တရားမဝင်သစ် တန်(၇၀၀)ခန့်၊ တရားမဝင်သစ် သယ်ဆောင်လာသော စက်လှေ (၆)စီးပေါ်မှ တရားမဝင် ကျွန်း/ ပိတောက်/ စကားဝါ/ ကညင် (၃၆၀)တန်ခန့်၊ စက်လှေ(ခွံ) (၃)စီး၊ တရားခံ(၆၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ထို့အပြင် (၁၉-၁၀-၂၀၂၀)၊ (၂၂-၂၀-၂၀၂၀) နှင့် (၂၃-၁၀- ၂၀၂၀) ရက်နေ့တို့တွင် ထပ်မံစစ်ကြောင်းထိုး နယ်မြေရှင်းလင်းဆောင်ရွက်ရာ သံတွဲခရိုင်၊ တောင် ကုတ်မြို့နယ်အတွင်းမှ တရားမဝင် ကျွန်း/ ပိတောက်/ ကညင် ခွဲသားစုစုပေါင်း (၁၃၃)တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, October 28, 2020 - 17:30