အုတ်တွင်းမြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၁၀-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော၍ အုတ်တွင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပြည်မြို့နယ်နှင့် ပန်းတောင် မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၆၀/၂)အနီးမှ ဝင်ရောက်ရသော ဒေသအခေါ်(ခ)မြောင်အတွင်း၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၁နှင့်၅၂)အတွင်း တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲခြမ်း (၄၄)လုံး/ခြမ်း (၉.၄၈၈၀)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ပေါက်ခေါင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၁) အတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား/ လုံးပတ်၃ပေအောက်ကျွန်းသစ် (၁၈)လုံး/ချောင်း (၃.၀၀၉၈)တန်နှင့် အတူ ချိန်းဆောအပျက်ကိုယ်ထည်(၁)လုံး(ဘားနှင့်ချိန်းမပါ)နှင့် လေသေနတ်အပျက်(၁)လက်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက် စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, November 3, 2020 - 11:15