မိတ္ထီလာမြို့နယ်၊ မြို့ရှောင်လမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၁၀-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ်၊ မြို့ရှောင်လမ်းမိုင်တိုင်အမှတ်(၇/၀)၊ ပျဉ်သာလမ်းဆုံအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 8A/7883) NISSAN Diesel (၆)ဘီး စိမ်း/ပြာကြားရောင်ယာဉ်နှင့် တရားမဝင်ထောက်ကြံ့/သဒီ/နှော/ဒီဒူး/ရုံးခွဲသား (၁၉၄)ချောင်း (၆.၃၆၄၆)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, November 3, 2020 - 11:15