ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာ၏ အရှေ့မြောက်ဘက်(၅)မိုင်ခန့်အကွာ၊ မှိုတောင်ကြိုးဝိုင်းအနီးမှ တရားမဝင် သစ်များ ဖမ်းဆီးရမိ

၂၈-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျှက်ရှိရာ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာ၏ အရှေ့မြောက်ဘက်(၅)မိုင်ခန့်အကွာ၊ မှိုတောက်ကြိုးဝိုင်းအနီးမှ တရားမဝင် အင် သစ်/ခွဲသား (၃၉၆)လုံး/ချောင်း (၁၀.၄၁၄၄)တန်အား ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, November 4, 2020 - 11:00