မင်းကင်းမြို့နယ်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ၊သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ သေမသောက်ရွာအနီးတစ်ဝိုက်နေရာတို့မှ တရားမဝင် သစ်ယာ/ သရက် / ကညင်/ အင် သစ်/ ခြမ်း (၄၉)လုံး/ခြမ်း (၁၉.၇၂၄၀)တန်အား ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, November 6, 2020 - 13:30