ဟုမ္မလင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ခိုးထုတ် သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျှက်ရှိရာ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့၏အနောက်ဘက် ချင်းတွင်းမြစ်၏နောက်ဘက်ကမ်း(၃)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကညင်သစ် (၁၃)လုံး (၇.၂၄၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦး တစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, November 9, 2020 - 14:30