မင်းကင်းမြို့နယ်၊ စရိုကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ စရိုကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်ကညင်ခွဲသား (၁၄၀)ချောင်း (၃၀)တန်အား ဆိုင်ကယ်(၁)စီး၊ ချိန်းဆော(ဖြူပြာကြား)(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, November 18, 2020 - 11:00