ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်းတွင် ဆီဘောက်ဆာယာဉ်နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)(ကွတ်ခိုင်) ဗိုလ်ကြီးဝေလျှံဖြိုးနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်းတွင် မော်တော်ယာဉ်အမှတ်(YGN 3P/9788) (ခေါင်းဖြူ/ဘော်ဒီခဲရောင်)(ဆီဘောက်ဆာတွဲယာဉ် ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ(၂၁၄)ချောင်း (၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, December 22, 2020 - 11:30