သစ်တောဦးစီးဌာန ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ကန့်တော့ပွဲ အခမ်းအနားကျင်းပ

သစ်တောဦးစီးဌာန အသက်(၇၀)နှင့်အထက် အငြိမ်းစား သစ်တောအရာရှိကြီးများအား ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ကန့်တော့ပွဲ အခမ်း အနားကို (၂၄-၁၂-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ ဂါရ၀စကားပြော ကြားခဲ့ပါသည်။
ဆက်လက်၍ ကွယ်လွန်သွားကြသည့် သစ်တောအရာရှိကြီးများအား ရည်မှန်း၍ (၂)မိနစ် ငြိမ်သက်စွာဖြင့် ဆုတောင်းမေတ္တာပို့သကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူ များမှ ကန့်တော့ခံဆရာကြီးများအား ကန့်တော့ချိုးဖြင့် ပူဇော်ကန်တော့၍ မေတ္တာပို့သကြ ပါသည်။
အငြိမ်းစားသစ်တောအရာရှိကြီးများကိုယ်စား ဦးဘသွင်၊ ဒေါက်တာကျော်တင့်၊ ဦးအုန်းလွင်၊ ဦးတင်လေး၊ ဦးကျော်မိုးတို့မှ ဆုံးမဩဝါဒစကားများပြောကြားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တို့မှ ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပါသည်။
၂၀၂၀ပြည့်နှစ်၊ ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲတွင် ကန်တော့ခံပုဂ္ဂိုလ် (၇၁)ဦးရှိပြီး
သက်ကြီးပူဇော်ကန့်တော့ပွဲ အခမ်းအနား၌ ကန်တော့ခံပုဂ္ဂိုလ်များအား ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၃၀) ရက်နေ့တွင် အသက်(၇၀) ပြည့်ပြီးဖြစ်ခြင်း၊ သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင် ခဲ့သော သစ်တောသိပ္ပံဘွဲ့ရနှင့် မြန်မာနိုင်ငံသစ်တောကျောင်းဆင်း လက်ထောက်ညွှန်ကြားရေး မှူးနှင့်အထက် အငြိမ်းစားဖြစ်ခြင်း၊ သက်ပြည့်နှစ်ပြည့် ပင်စင်ယူခဲ့သည့် အငြိမ်းစားများဖြစ်ခြင်း တို့အရ ရွေးချယ်ကန်တောခဲ့ကြခြင်းဖြစ်ပါသည်။

date: 
Thursday, December 24, 2020 - 15:15