“ဒီရေတောနှင့်ဆက်စပ်ကမ်းရိုးတန်းသယံဇာတဆိုင်ရာသုတေသနများဖိတ်ခေါ်ခြင်း” (Call for Mangrove and Coastal Research Proposals)

“ဒီရေတောနှင့်ဆက်စပ်ကမ်းရိုးတန်းသယံဇာတဆိုင်ရာသုတေသနများဖိတ်ခေါ်ခြင်း”
(Call for Mangrove and Coastal Research Proposals)

လျှောက်ထားနိုင်သူများ-
*************************
အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်တွင်း တက္ကသိုလ်များ (သို့) သုတေသနအဖွဲ့အစည်းများမှ သုတေသန ပညာရှင်များ
(ခ) ပြည်တွင်း ဘွဲ့လွန်ကျောင်းသား/သူများ
(ဂ) ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းကာကွယ်ရေးအပေါ် စိတ်ပါဝင်စား၍ အရည်အချင်း ပြည့်မီသော ပညာရှင် (သို့) ပညာရှင်အဖွဲ့

အထောက်အပံ့ပေးမည့်လုပ်ငန်းများ-
************************************
(က) ဘွဲ့လွန်သုတေသနလုပ်ငန်း ဆောင်ရွက်ရန် (သို့) စာတမ်းပြုစုရန် အတွက် ထောက်ပံ့ကြေး (grants for post-graduates - M.Sc, Ph.D studies covering field and reporting costs)
(ခ) သုတေသနပညာရှင် (သို့) သုတေသနအဖွဲ့များအတွက် သုတေသန ပြုစုရေးသား နိုင်ရန် ထောက်ပံ့ကြေး (individual or team- based research grants)

သုတေသနထောက်ပံ့ကြေးပမာဏ -
********************************
သုတေသနတစ်ခုအတွက် ထောက်ပံ့မည့်အများဆုံး ပမာဏမှာ ၆,၅၀၀,၀၀၀ ကျပ် ဖြစ်ပါသည်။

သုတေသနဆောင်ရွက်ရန်ခွင့်ပြုကာလ
***************************************
သုတေသနဆောင်ရွက်ရန် ညှိနှိုင်းသဘောတူညီမှုဆောင်ရွက်ပြီးသည့် အချိန်မှစတင်၍ သုတေသနဆောင်ရွက်ရန် ခွင့်ပြု ကာလမှာ ၁နှစ် ဖြစ်ပါသည်။

သုတေသအဆိုပြုလွှာများ စိစစ်ရွေးချယ်မည့်စည်းမျဉ်းစည်းကမ်းများ
သုတေသနအဆိုပြုလွှာများအား အောက်ဖော်ပြပါစံနှုန်းများ ကိုက်ညီမှုပေါ်မူတည်၍ စိစစ် ရွေးချယ်သွားမည် ဖြစ်ပါသည်-

(က) အဆိုပြုထားသော သုတေသနလုပ်ငန်းအစီအစဉ်သည် ဦးစားပေးသုတေသန နယ်ပယ်များနှင့်ကိုက်ညီမှုရှိခြင်း၊
(ခ) သုတေသနပြုလုပ်ရာတွင် အသုံးပြုမည့် နည်းလမ်းများ ကောင်းမွန်ခြင်း။
(ဂ) အဆိုပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်လျှောက်ထားသူ (သို့) အဖွဲ့၏ အရည်အချင်းပြည့်မီမှုရှိခြင်း၊
(ဃ) သုတေသနမျှော်မှန်းရလဒ်များ ခိုင်မာမှုရှိခြင်း၊
(င) သုတေသနလုပ်ငန်းမှရရှိလာသော အကျိုးရလဒ်များအား ကျယ်ပြန့်စွာအသုံးချ နိုင်ခြင်း၊
(စ) အဆိုပြုသုတေသနလုပ်ငန်းအတွက် သင့်တင့်မျှတသောရန်ပုံငွေလျာထားမှုရှိခြင်း၊

တာဝန်ဝတ္တရားများ
******************
သုတေသနထောက်ပံကြေးရရှိသော ပုဂ္ဂိုလ် (သို့) အဖွဲ့သည် အောက်ဖော်ပြပါတာဝန်များ ထမ်းဆောင်ရပါမည်-
(က) သုတေသနအဆိုပြုလွှာတွင်ဖော်ပြထားသော အချိန်ဇယားအလိုက် သုတေသန လုပ်ငန်းများအားအချိန်မီ ပြီးမြောက် အောင်ဆောင်ရွက်ရမည်။
(ခ) သုတေသနထောက်ပံ့ကြေးအားသုံးစွဲ၍ ကောက်ယူရရှိလာသော ကိန်းဂဏန်း အချက် အလက်များကို အသုံးပြု၍ အပြီးသတ်အစီရင်ခံစာတစ်စောင်အား သုတေသန ဆောင်ရွက်ရန် ခွင့်ပြုကာလအတွင်း ပြင်ဆင်ပေးပို့ရမည်။
(ဂ) သုတေသနဆောင်ရွက်ရန်ခွင့်ပြုကာလအတွင်း ကောက်ယူရရှိလာသောသုတေသန ကိန်းဂဏန်းအချက်အလက်များအား လေ့လာဆန်းစစ်၍ ပြည်တွင်း (သို့မဟုတ်) ပြည်ပအလုပ်ရုံဆွေးနွေးပွဲ (သို့မဟုတ်) သုတေသနစာတမ်းဖတ်ပွဲများ၌ တင်သွင်း ဖတ်ကြား၍ စာတမ်း (သို့မဟုတ်) Proceedings တစ်ခု ထုတ်ဝေတင်ပြရမည်။

စည်းမျဉ်းစည်းကမ်းများ
*************************
သုတေသနထောက်ပံ့ကြေးရရှိသော ပုဂ္ဂိုလ် (သို့) အဖွဲ့သည် အောက်ဖော်ပြပါ အချက်များ အားလိုက်နာရမည်-
(က) အတည်ပြုထားသော သုတေသနထောက်ပံ့ကြေးများအား အခြားအစီအစဉ်များ သို့မဟုတ် အဖွဲ့အစည်းများသို့ လွှဲပြောင်း ခြင်းမပြုလုပ်ရ။
(ခ) ပုဂ္ဂိုလ် (သို့) အဖွဲ့သည် သုတေသနအဆိုပြုလွှာများ လျှောက်ထားရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူပြီးကြောင်း အထောက်အထား ပါရှိရမည်။
(ဂ) သုတေသနထောက်ပံ့ကြေးဖြင့် ကောက်ယူရရှိလာသော ကိန်းဂဏန်း အချက်အလက် များအားအသုံးပြု၍ ဆောင်ရွက်ထားသော သုတေသနလုပ်ငန်းများအား ပြည်တွင်း၊ ပြည်ပသုတေသနဂျာနယ်များ၊ သတင်းစာများ၊ မဂ္ဂဇင်းများတွင် ပုံနှိပ် ထုတ်ဝေခြင်း (သို့မဟုတ်) အသုံးပြုခြင်းများပြုလုပ်ပါက စီမံကိန်း၏ ခွင့်ပြုချက် အားဦးစွာရယူခြင်းနှင့် စီမံကိန်း၏ အထောက်အပံ့အား ထည့်သွင်းဖော်ပြခြင်းများ ဆောင်ရွက်ရမည်။

သုတေသနလျှောက်လွှာပေးပို့ရမည့်နေရာ/အချိန်
********************************************
လျှောက်ထားလိုသူများသည် သုတေသန အဆိုပြုလျှောက်လွှာပုံစံများကို [email protected] အီးမေးသို့ ဆက်သွယ်တောင်းခံ၍ ဖြည့်စွက်ရေးသားထားသော သုတေသနလျှောက်လွှာများအား ညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသ အုပ်ချုပ်ရေး ဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်ရုံးသို့ hardcopy တစ်စုံနှင့် [email protected] အီးမေးသို့ softcopy များအား ၁၅-၂-၂၀၂၁ ရက်နေ့၊ ရုံးချိန်အတွင်း ပေးပို့ရပါမည်။ သတ်မှတ်ချိန် အတွင်းပေးပို့လာခြင်းမရှိသော သုတေသန အဆိုပြုလွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

သစ်တောဦးစီးဌာန
၀၆၇-၃-၄၀၅၃၉၈၊ ၄၀၅၄၃၃

date: 
Wednesday, January 20, 2021 - 14:00