ပျဉ်းမနားမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၁-၂၀၂၁ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဝေသာလီကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဝေသာလီ ကျေးရွာအနောက်တောင်ဘက် (၃)မိုင်ခန့်အကွာ၊ ကြိုးပြင်တော၊ ပျဉ်းမနား- ဖယ်ခုံမြို့နယ် နယ်နိမိတ်၊ ကမ်းဇောင်ချောင်းအတွင်းမှ တရားမဝင် ကညင်သစ် (၄၉)လုံး (၃၉.၄၇၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, January 27, 2021 - 13:30